Wednesday, August 6, 2008

ငါတို့ သက်တမ်း

ဟေ့ !သခိုး ဗိုလ်ချုပ် အမျိုးယုတ်တွေ
ငါဟာလူသား! ကျောက်စိုင်ပမာ
ခိုင်မာတဲ့ အသည်း ငါ့ မှာရှိတယ်................


ငါ့ ချစ်တဲ့  အမေ
အသက်ကိုရင်းပြီး မင်းတို့ သခိုးတွေအတွက်
မွေးဖွားလိုက်တာ မဟုတ်ဘူး
တိုင်းပြည်အတွက် မွေးဖွားခဲ့ တာ...............

ငါတို့ အဘိုးသက်တမ်း "မောင်နေဝင်း "ဖျက်ဆီးခဲ့ ပြီ
ငါတို့ အဖေသက်တမ်း မင်းတို့ ဖျက်ဆီးခဲ့ ပြီ
အခု ငါတို့ သက်တမ်းလည်း တဝက်နီးပြီ......................

ဘုရား၊ တရား အယောင်ပြပြီး
ဂုတ်သွေးကိုစုတ် ဇတ်တူသားကိုမှ
စားတဲ့  ဗိုလ်ချုပ်ဘီးလူးတွေ
ဘဝဆက်တိုင်း မင်းတို့ မကျွတ်ဘူး
ဘယ်သူမှလည်း မင်းတို့ အတွက် အမျှမဝေဘူး...............

သာသန နယ်မြေပေါ်
ပါဏာတိပါတာ၊ အဒိန္ဒာဒါနာ
ကာမေသုမိစ္ဆာစာရာ၊ မုသာဝါဒါ
ရပ်တန့် ကရပ်လော................................

ငါဟာ လူသား၊ အဆိပ်နဲ့ ပါ
နောက်မှလာပြီး အဆိုးမဆိုနဲ့ 
မဖြစ်သေးတာပဲရှိတယ်၊ မဖြစ်နိုင်တာမရှိဘူး....................မင်းတို့ မှတ်ထား။

အမေ! သား အမေ့ ကိုချစ်တယ်
ခွင့် လွှတ်ပါအမေ
နောင်လာမယ့်  မျိုးဆက်အမေတွေအတွက်
ဂုဏ်ယူလိုက်ပါ အမေ...............။




Freedom can't be won with money or the bullet. You have to fight with your soul.
ဒီစကားကို J Roberts, NW London ပြောသွားတာပါ။ ညီကို မောင်နှမတွေ အတွက်မျှဝေ လိုက်ပါတယ်။

No comments: