Wednesday, November 26, 2008

ကျွန်တော်တွေးမိတာလေး ( ၁ )

နိုင်ငံတစ် နိုင်ငံတိုးတက်တယ် မတိုးတက်ဘူးဆိုတာ အဲဒီနိုင်ငံရဲ့  Electrical Power ဘယ်လောက်ပမာဏထိသုံးစွဲတယ်ဆိုတာနဲ့  တိုင်းတာတယ်။ ကျွန်တော်အယူအဆနဲ့ ပြောရလျှင် အဲဒီနိုင်ငံရဲ. အစားအစာနဲ့ ၊ အနုပညာ တွေကိုလည်းထည့် သွင်းစဉ်းစားရမည်။ ကျွန်တော် ဘယ်နိုင်ငံပဲရောက်ရောက် အရင်ဆုံးလေ့ လာဖြစ်တာက သူတို့ ရဲ့ ရိုးရာအစားအစာကို ဘယ်လိုအဆင့် မြင့် မြင့် ပြင်ဆင်ထားလည်း၊ ပန်းချီကို ဘယ်လောက်ထိ အနုစိတ်နဲ့ ခံစားပြီးရေးဆွဲထာလည်း ဆိုတာကိုလေ့ လာတယ်။ ဒါလောက်ဆိုရင် အဲဒီနိုင်ငံရဲ့ Life Stlye ကို အကြမ်းအားဖြင့် ခန့် မှန်းနိုင်သည်။ ရောက်ဖူးသမျှနိုင်ငံတွေကို ကိုယ့် နိုင်ငံနဲ့  ယှည်ထိုးကြည့် မိသည်။ ကျွန်တော်တို့ နိုင်ငံသည် အရာရာ၌နောက်ကျကျန်ခဲ့ သည်။ အတွေးအခေါ်အယူအဆတွေလည်း စနစ်ဆိုးတစ်ခုရဲ့  အောက်မှာပျက်စီးကုန်ပြီ။ ဒီတိုင်းသာရှေ့ဆက်တိုးရင် အလုံးစုံ ပျက်စီးဖို့ ပဲ ရှိတော့ သည်။ ဒီစနစ်ဆိုးကြီးကို ဆက်လက်တိုက်ခိုက်ပြီး၊ နောက်ကြီးပြင်းလာမယ့်  ကလေးတွေကိုလည်း Educated တွေဖြစ်အောင်ပြုစု ပျိုးထောင်မှသာ နိုင်တကာမှာ မျက်နှာငယ်ရတဲ့  အဖြစ်မှ လွတ်မြောက်မည်။
ကျွန်တော် အိန္ဒိယနိုင်ငံကို ဥပမာပြချင်တယ်။ အိန္ဒိယအစိုးရ ဘယ်လောက်ပင်လဘ်စားစား၊ ပြည်သူတွေဟာ သူတို့ လုပ်စရာရှိတဲ့  အလုပ်တွေကို အစိုးရကို ဂရုမစိုက်ဘဲ တိုင်းပြည်အတွက်အကျိုးရှိရှိနဲ့  တိုးတက်အောင်လုပ်နေကြသည်။ အိန္ဒိယပြည်သူတွေလည်းသိသည် သူတို့ အစိုးရဟာ Criminal တွေဆိုတာ၊ အစိုးရနိုင်ငံရေးသမားတွေကိုလည်း ရွံမုန်းကြသည်၊ အစိုးရတစ်ရပ်ကို တော်ရုံနဲ့ ဆန်ကျင်လို့ မရဘူးဆိုတာလည်းသိသည်။ ဒါပေမယ့် အချိန်ကုန်နောက်ကျကျန်ခဲ့ မှာကြောက်တဲ့ အတွက်ကြောင့် အစိုးရရဲ့ လုပ်ရပ်တွေကို လစ်လျုရှုပြီးတော့  တိုင်းပြည်အတွက်အင်တိုက်အားတိုက် Positive Attitude တွေထားကာ တိုးတက်အောင်လုပ်နေကြသည်။ အစိုးရလည်းသူ့ အလိုလို ဘေးရောက်သွားသည်။ ဒါဟာ ပြည်သူတွေ Educated ဖြစ်သွားပြီးဆိုတာကိုပြလိုက်တာပဲ။ အစိုးရလည်း ပြည်သူနောက်လိုက်ဖြစ်သွားသည်။
ဗီယမ်နန်နိုင်ငံကို ပြေးပြီးတွေးကြည်မိသည်၊ ဗီယမ်နန်ပြည်သူတွေဟာ တိုင်းပြည်ချစ်စိတ်အင်မတန်ပြင်းထန်ကြသည်။ သူတို့ နိုင်ငံရဲ့  ကွန်မြူနစ်စနစ်ဆိုတာဟာ နာမည်ဘဲရှိတော့ သည်၊ တကယ့် လက်တွေမှာ ဈေးကွက်စီးပွားရေးစနစ်ကို အမှီလိုက်နေသည်၊ ပြည်သူနဲ့ အစိုးရဟာ တကယ့် ကို အင်တိုက်အားတိုက်ဘဲ။ အသက်၃၅ နှစ်အောက်ဗီယမ်နန်ပြည်သူဟာ နိုင်ငံရဲ့ ၈၅ ရာခိုင်နှုန်း ရှိတယ်၊ ဒီလူငယ်တွေရဲ့ လူ့ စွမ်းအားအရင်းအမြစ်ဟာ တစ်တိုင်းပြည်လုံးကို မောင်းနှင်နေတာဘဲ။ နောင်လာမယ့်  ၅ နှစ်မှာ ဗီယမ်နန် နိုင်ငံဟာ စင်ကာပူနှင့် ထိုင်းကိုကျော်ပြီး အာရှကျားဖြစ်လာတော့ မည်။
တရုပ်နိုင်ငံကိုတော့ ထည့် မပြောချင်တော့ ပါ။ တရုပ်နိုင်ငံသည် ကွန်မြူနစ်လိုလို ဘာလိုလိုနှင့်  ကျူးဘားသမ္မတ ကတ်စထ်ရို တောင်မျက်လုံးလည်သွားသည်။ ကွန်မြူနစ်အတုံးအခဲဖြစ်သော ကတ်စထ်ရိုသည် တရုပ်နိုင်ငံရဲ့ ကွန်မြူနစ်စနစ်ယိုးယွင်းနေပုံ၊ စီးပွာရေးတိုးတက်နေပုံကို တွေ့ ပြီး " အဆွေတော်တို့ နိုင်ငံ တော်တော်ပြောင်းလဲသွားပါလား" ဟု စကားလုံးလှလှလည်းနဲ့ ထည့် သွားသည်။ တိန့် ရှောင်ဖိန့် ပြောခဲ့ တဲ့ စကားကို တရုပ်ပြည်သူတွေ လက်တွေ့ ပြနေကြပြီ၊" ခောတ်ရေစီးကြောင်းအတိုင်းစီးဆင်းရင် ရှေ့ ကလည်းမလိုက်နဲ့ ၊ နောက်ဆုံးကလည်းမလိုက်နဲ့ ၊ အလယ်ကနေလိုက်ပါ" ဟု မိန့် သွားသည်။
မကြာသေးခင်က စင်ကာပူရဲ့  Minister Mentor လီကွန်ယူက " စင်ကာပူနိုင်ငံဟာ အဆင့် မြင့် တဲ့  International Art ကို လိုက်မှီဖို့  Generation ၃ ဆက်ကြိုးစားရအုံးမယ်။" ဟုပြောသွားတယ်။ကျွန်တော့် တို့ နိုင်ငံဆိုရင်တော့ မတွေးဝံစရာပဲ။ စင်ကာပူအစိုးရအုပ်ချုပ်တဲ့ စနစ်နဲ့ ၊ မြန်မာအစိုးရအုပ်ချုပ်တဲ့ စနစ်ဟာ အတူတူပါပဲ။ ဦးနှောက်ရှိတဲ့ အစိုးရကတော့  Deplomative Way နဲ့ အုပ်ချုပ်ပြီး၊ ဥာဏ်မရှိတဲ့  အစိုးရကတော့ လက်နက်တွေနဲ့  အုပ်စိုးတယ်။ ပြည်သူတွေဆီမှ ခေါင်းပုံဖြတ်တာချင်းကတော့ အတူတူဘဲ။ဒါပေမယ့်  စင်ကာပူအစိုးရက တိုင်းပြည်ကို ပိုပြီး Smart ဖြစ်အောင်အုပ်ချုပ်တယ်။ " In knowledge revolution, victory will go to the Smartest Nations and Companies." စာရေးဆရာ Thomas L. Friedman က ပြောထားသည်။ နိုင်ငံတွေကိုလည်း ယခုအခါ Developing country, Developed country လို့ တောင် မသုံးတော့ ဘဲ၊ Smart, Smarter and Smartest country ဆိုတဲ့ စကားလုံးတွေနဲ့  သုံးနေကြသည်။
ယနေ့ နိုင်ငံခေါင်းဆောင်တွေဟာ မိမိနိုင်ငံကို ဘယ်လို Smartest ဖြစ်အောင်ကြိုးစားရမလဲ ဆိုတာပဲ စဉ်းစားနေကြသည်။ FDI လို့ ခေါ်တဲ့  ( Foreign direct investments ) ရဲ့ အကျိုးတွေကို Asia-Pacific Economic Co-operation (Apec) Summit အစည်းအဝေးမှာ နိုင်ငံခေါင်းဆောင်တွေ တွေ့ ဆုံဆွေနွေးကြတယ်။ FDI ရဲ့ အကျိုးကျေးဇူးတွေကတော့ 
(1) increase productivity capicaty.
(2) bring in technology.
(3) open up access to overseas markets.
(4) creatd jobs and
(5) raise living standards for the people တွေပါဘဲ။ အဲဒီအကျိုးကျေးဇူးတွေရဖို့ အတွက် နိုင်ငံတွေဟာ
(၁) globalisation ကိုလက်ခံရမယ်၊
(၂) ကောင်းမွန်တဲ့  economic policies တွေကို မီအောင်လိုက်ရမယ်၊
(၃) အနာဂတ်အတွက် တတ်နိုင်တဲ့  Capabilities တွေကိုတည်ဆောက်ထားရမယ် ဆိုတာတွေပါဘဲ။ Globalisation ကိုကြိုဆိုတဲ့ နေရာမှာ စီးပွါးရေးကို ဖွင့်ပေးရမယ်။ ကုန်စည်၊ လူ၊ အတတ်ပညာ နှင့် အတွေးအခေါ် တွေကိုလည်း လွတ်လပ်စွာ စီးဆင်းခြင်းပေးရမယ်။ ကောင်းမွန်တဲ့ Economic Policies တွေကို အမီလိုက်တဲ့ နေရာမှာလည်း Multinational corporations ကြီးတွေကို နိုင်ငံတွင်းသို့ ဝင်လာအောင် ဆွဲဆောင်နိုင်ရမယ်။ ဒါလိုမှမလုပ်ရင် ကြီးမားတဲ့  Domestic Market ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ရခက်သွားလိမ့် မယ်။နောက်ဆုံးတစ်ချက်ဖြစ်တဲ့  အနာဂါတ်အတွက် Capabilites တွေကို တည်ဆောက်တဲ့ အခါ နိုင်ငံကိုယ်စားပြု အစိုးရဟာ Infrastructure တွေ၊ Effective Institutions တွေကိုတည်ဆောက်ရမယ်။ rule of the law တွေကို Upholding လုပ်တဲ့ အခါမှာလည်း competent and non-corrupt regime အုပ်ချုပ်မှုစနစ်နဲ့  လုပ်ဆောင်ရမည်။ အစိုးရဟာ လူငယ်တွေအတွက် ပညာရေးကဏ္ဍတွေ၊ workers တွေရဲ့  skill ကို upgrade လုပ်ပေးတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံရမယ်။ ဒါအပြင် vulnearable segments of the population လို့ ခေါ်တဲ့  လူဦးရေရဲ့ ပျက်စီးလွယ်တဲ့ အစိတ်အပိုင်းတွေကို ကူညီရန် special efforts တွေကို စီမံထားရမည်။ FDI ကို ခွင့် ပြုလိုက်ခြင်းအားဖြင့်  ပြည်တွင်း ကုမ္ပဏီတွေနဲ့  ပြည်သူတွေကို ပြိုင်ဆိုင်ဖို့ အတွက် ဖိအားပေးသလို ဖြစ်သွားသည်။ အစိုးရကလည်း အလုပ်လက်မဲ့ ဖြစ်မှုတွေ၊ ပြည်တွင်း ကုမ္ပဏီတွေ ပိတ်ပစ်ရမှု အခြေအနေတွေအတွက်လည်း ပြင်ဆင်ထားရမည်။ တကယ်လို့  The flow of trade and investments တွေကို restrict လုပ်နေမယ်ဆိုရင် နိုင်ငံအချင်းချင်း shared interests in one another ကနေ ပြိုင်ဆိုင်မှူတွေ၊ တင်းမာမှုတွေ ပိုဖြစ်လာနိုင်တယ်ဟု နိုင်ငံတကာခေါင်းဆောင်တွေက အကြံပြုကြသည်။ နိုင်ငံရဲ့  High-tech sector ကဏ္ဍကို မြှင့် တင်တဲ့ အခါ ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းတွေကို ဖန်တီးပေးခြင်း၊ Capacity for knowledge နဲ့ ဖန်တီးထားတဲ့  Property တွေကို ကာကွယ်ပေးခြင်း၊Telecommunication industry တွေကို အပြိုင်အဆိုင်ယှဉ်ပြိုင်နိုင်အောင် လမ်းကြောင်းဖွင့် ပေးခြင် စတာတွေနဲ့  မြှင့် တင်ထားရမည်။ ကျွန်တော်တို့  နိုင်ငံဟာလည်း အင်အားကြီးနိုင်ငံတွေ ဖြစ်လာမယ့်  တရုတ်နဲ့ အိန္ဒိယ ကြားမှာတည်နေတဲ့ အတွက်ကြောင့်  Geopolotic အရ အခြားအရှေ့ တောင် အာရှနိုင်ငံတွေထက် အားသာချက်တွေ အများကြီးရှိသည်။ လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့  လူငယ်တွေလည်း အများကြီးပါပဲ။ အဲဒီလူငယ်တွေကို အစိုးရက စေတနာသန့် သန့် နဲ့  အသက်မွေးပညာတွေကို တကယ်တတ်အောင် သင်ပေးမယ်ဆိုရင် ထွက်ပေါ်လာမယ့်  လူစွမ်းအားအရင်းအမြစ်တွေ အများကြီးပါပဲ။ Media လုပ်ငန်းတွေကို လွတ်လပ်ခွင့် ပေးမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာမုချမသွယ်တိုးတက်လာလိမ့် မယ်။

Monday, November 24, 2008

အမေတိုင်း ကံကောင်းပါစေ

မိဘဆိုတာ အသက်ကြီးလာတဲ့အခါ ဘာပဲဖြစ်ဖြစ်သားသမီးတွေ၊ မြေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေချင်ကြသည်။ အဲဒါမှ သူတို့ ရဲ့ ဘဝတွေဟာ ချမ်းမြေ့ပြီး ဘဝကုန်းဆုံးတဲ့ အချိန်အထိ ပျော်ရွှင်ရွှင်နေသွားကြမည်။ သားသမီးတွေ မေ့ လျော့ ခံရတဲ့  အမေတစ်ယောက်ရဲ့  ဘဝဟာ ဘယ်လောက်ထိ ခံစားမျှော်လင့် နေမလဲ ဆိုတာ ဘယ်သားသမီးမှ သေသေချာချာတွေးကြည်ကြမှာ မဟုတ်ဘူး။
မေ့ လျော့ ခံနေရတဲ့  အမေတစ်ယောက်ရဲ့ အကြောင်းကို "The Straits Times" သတင်းစာမှာဖတ်လိုက်ရတော့  အရမ်းခံစားပြီး တင်ပြလိုက်တာပါ။ အဲဒီ အမေကြီးဟာ အသက် ၈၀ ရှိပြီ။ စိတ်ကျန်းမာရေးဆေးရုံမှာ" Hearing Voices " ဆိုတဲ့ ရောဂါတစ်မျိုးကြောင့်  အသက် ၂၆ နှစ်အရွယ်ကတည်းကပင် ဆေးရုံတက်နေခဲ့ ရသည်။ လွန်ခဲ့ တဲ့ ၂ နှစ်လုံးလုံး ဘယ်သားသမီး၊ဘယ်အသိမိတ်ဆွေဟောင်းတွေတောင်မှ လာကြည့် ဖော်၊ မေးဖော်တောင်မရဘူး။ ဆေးရုံမှာပဲ သားသမီးတွေအလာကို မျှော်တလင့် လင့် နဲ့ စောင့် နေတယ်။အခုတော့ အမေဟာ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖီးလို့ ။
" လွန်ခဲ့ တဲ့ ၃ နှစ်မတိုင်ခင်က သားကြီးဟာ လာလေ့ လာထရှိတယ်။ ဒါမေမဲ့ နှလုံးရောဂါကြောင့်  သားကြီးဆုံးသွားပြီ။" အမေဟာ ပြောရင်းမျက်ရည်စိုလာသည်။
" အမေ့ သားကြီးကို နောက်ဆုံးတွေလိုက်ရတာ လွန်ခဲ့ တဲ့  ၃ နှစ်လောက်က၊ ချွေးမရော ပါလာတယ်။ သားကပြောတယ် အမေ သားအလုပ်အရမ်းများတယ်။ လာတွေ့ နိုင်မှာမဟုတ်ဘူး။ သူက အမေ့ ကို ကတိပေးခဲ့ တယ်၊ နောက် ၄ နှစ်မှာ အမေ့ ဆီလာပြီး ဆေးရုံကနေ အိမ်ခေါ်မယ်။ အခုလာမယ့် နှစ်ဟာ ၄ နှစ်မြောက်နေ့ လေ။" အမေဟာ ပြောရင်းမျက်ရည်တသွင်သွင်စီးကျလာသည်။
" အဘိုးကြီးကတော့ အမေ ဆေးရုံတက်တဲ့ နေ့ မှာ တစ်ခါပဲလာကြည့် တယ်၊ ပြီးတော့ ဘယ်တော့ မှ မတွေ့ ရတော့ ဘူး၊ ဘာတွေဖြစ် ကုန်ပြီလဲ မသိဘူး၊ အခုတော့  သူလည်း သေလောက်ပါပြီ။"
အမေဟာ ဆေးရုံပျော်ပွဲရွှင်ပွဲနေ့ က ရခဲ့ တဲ့  အရုပ်လေးတွေနဲ့  အလုပ်ရှုပ်နေရဲ့ ။ အရုပ်အားလုံးကို သားတွေနာမည်တွေပေးပြီး ပျောက်ဆုံးသွားတဲ့ မိသားစုကို တမ်းတနေတယ်။ အခုခေတ် အမေတွေဟာ သားသမီးတွေရဲ့ မသိမသာ မေ့ လျော့ခြင်း ဒုက္ခကို ခံစားနေကြရသည်။ သားသမီးတွေရဲ့ စွန့် ပစ်ခြင်းကို ခံစားနေကြရသည်။ အသက်ကြီးလာလေလေ အမေတွေဟာ သားသမီးတွေနဲ့  ထမင်းလက်ဆုံစားချင်ကြသည်။
" ဆေးရုံမှာ မိတ်ဆွေတွေအများကြီးရှိတာပေါ့ ၊ ဒါပေမယ့်  အမေ့ သားတွေကို လွမ်းတာပေါ့ ၊ အမေ့ ရဲ့ ဆန္ဒက သားတွေရဲ့ နဖူးတွေကိုနမ်းပြီး နေ့ တိုင်းအိပ်ရာဝင်ချင်တယ်။" အသက် ၈၀ အမေရဲ့ မျက်အိမ်ထဲမှာ မျက်ရည်တွေနဲ့  ငေးမောပြီး သားတွေကို တမ်းတနေသည်။

Wednesday, August 6, 2008

ငါတို့ သက်တမ်း

ဟေ့ !သခိုး ဗိုလ်ချုပ် အမျိုးယုတ်တွေ
ငါဟာလူသား! ကျောက်စိုင်ပမာ
ခိုင်မာတဲ့ အသည်း ငါ့ မှာရှိတယ်................


ငါ့ ချစ်တဲ့  အမေ
အသက်ကိုရင်းပြီး မင်းတို့ သခိုးတွေအတွက်
မွေးဖွားလိုက်တာ မဟုတ်ဘူး
တိုင်းပြည်အတွက် မွေးဖွားခဲ့ တာ...............

ငါတို့ အဘိုးသက်တမ်း "မောင်နေဝင်း "ဖျက်ဆီးခဲ့ ပြီ
ငါတို့ အဖေသက်တမ်း မင်းတို့ ဖျက်ဆီးခဲ့ ပြီ
အခု ငါတို့ သက်တမ်းလည်း တဝက်နီးပြီ......................

ဘုရား၊ တရား အယောင်ပြပြီး
ဂုတ်သွေးကိုစုတ် ဇတ်တူသားကိုမှ
စားတဲ့  ဗိုလ်ချုပ်ဘီးလူးတွေ
ဘဝဆက်တိုင်း မင်းတို့ မကျွတ်ဘူး
ဘယ်သူမှလည်း မင်းတို့ အတွက် အမျှမဝေဘူး...............

သာသန နယ်မြေပေါ်
ပါဏာတိပါတာ၊ အဒိန္ဒာဒါနာ
ကာမေသုမိစ္ဆာစာရာ၊ မုသာဝါဒါ
ရပ်တန့် ကရပ်လော................................

ငါဟာ လူသား၊ အဆိပ်နဲ့ ပါ
နောက်မှလာပြီး အဆိုးမဆိုနဲ့ 
မဖြစ်သေးတာပဲရှိတယ်၊ မဖြစ်နိုင်တာမရှိဘူး....................မင်းတို့ မှတ်ထား။

အမေ! သား အမေ့ ကိုချစ်တယ်
ခွင့် လွှတ်ပါအမေ
နောင်လာမယ့်  မျိုးဆက်အမေတွေအတွက်
ဂုဏ်ယူလိုက်ပါ အမေ...............။




Freedom can't be won with money or the bullet. You have to fight with your soul.
ဒီစကားကို J Roberts, NW London ပြောသွားတာပါ။ ညီကို မောင်နှမတွေ အတွက်မျှဝေ လိုက်ပါတယ်။

Friday, July 18, 2008

အမောက်လေးတော့  ထောင်ပြပါ

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာ၌ ရွာသူရွာသားတို့ သည် တောထဲသွားပြီးထင်းခုတ်ကာ အသက်မွေးဝမ်းကျောင်းပြုကြသတဲ့ ။ တစ်နေ့ တောလမ်းသို့ သွားသော ရွာအဝင်တံခါးဝတွင် စပါးကြီးမြွေတစ်ကောင် ရောက်လာသတဲ့ ။ စပါးကြီးမြွေသည် တောထဲသို့ ထင်းခွေသွားသော ရွာသားတွေကို တစ်ဦးမကျန် တံခါးဝ၌စောင့် ကာ ဖမ်းစားသတဲ့ ။ ဒါကြောင့်  ရွာသူရွာသားတို့ သည် ရွာအပြင်မထွက်ဝံ့ ဘဲ ဖြစ်နေကြသည်။

ဒီလိုနဲ့  ရက်တွေကြာလာသောအခါ ရွာသူရွာသားတို့ သည် အစာရေစာငတ်ပြတ်လာကြသည်။ ဒီအကြောင်းကို ရွာဦးဆရာတော်ဆီသွားကာ လျှေက်တင်ကြသတဲ့ ။ ဆရာတော်လည်း ရွာအဝင်တံခါးဝသို့  ကြွသွားကာ စပါးကြီးမြွေကို တရားသွားချသတဲ့ ။ " ဒကာကြီးစပါးကြီးမြွေ! ဟိုးအတိတ်ဘဝတုန်းက ကုသိုလ်ကံမကောင်းခဲ့ လို့  ဒီဘဝမှာတိရစ္ဆာန်လာဖြစ်တယ်၊ ဒီဘဝမှာလည်း အကုသိုလ်တွေ လုပ်နေမယ်ဆိုရင် နောင်ဘဝမှာ အပါယ်ငရဲသို့  မုချဆင်းရလိမ့် မယ်၊ ဒါကြောင့်  ငါးပါးသီလကို လက်ကိုင်ထားပြီးတော့ ခန္တီပါရမိ သည်းခံစိတ်နဲ့ကျင့် ကြံနေမယ်ဆိုရင် မုချမသွယ်ကောင်းရာသွားရလိမ့် မယ်။" ဟု တရားရေအေးတိုက်ကျွေးခဲ့သတဲ့။ ထိုနေ့ မှစ၍ စပါးကြီးမြွေသည် သူတပါးအသက်ကို သတ်မစားတော့ ပေ။

ဒီလိုနဲ့  ဆရာတော်ကြီးလည်း ခရီးထွက်သွားတာ ရက်တွေ၊လတွေ ကြာသွားသတဲ့ ။ စပါးကြီးမြွေလည်း သည်းခံစိတ်ကိုလက်ကိုင်ထားကာ တရားကျင့် နေသတဲ့ ။ ကြာလာတော့  ရွာသားတွေသည် အေးဆေးငြိမ်သက်နေသော စပါးကြီးမြွေကို ခြေထောက်နဲ့ တစ်မျိုး၊ တုတ်နဲ့ တစ်ဖုံ ထင်းခွေသွားတိုင်း ကန်ကျောက် ရိုက်နှက်သွားကြလေသည်။ စပါးကြီးမြွေသည် ဆရာတော်ကြီး၏စကားကို တသွေမတိမ်းနားထောင်ကာ ပြန်ရန်မမူဘဲ့ ခန္တီပါရမိကို လက်ကိုင်ထားတဲ့ အတွက် ရွာသားတွေရဲ့ နှိပ်စက်မှုကြောင့် သေလုမျောပါးဖြစ်လာလေသည်။

တစ်နေ့  စပါးကြီးမြွေသေအံ့ ဆေးဆေးအချိန်တွင် ဆရာတော်ကြီးသည် ရွာသို့ ရောက်လာ၏။ ဆရာတော်သည် စပါးကြီးမြွေကိုတွေသောအခါ အလွန်အံ့ သြသွားပြီး " ဒကာကြီးမြွေ ဒဏ်ရာဒဏ်ချက်တွေနဲ့  ဘယ်လိုဖြစ်တာတုန်း " ဟု မေးလိုက်သည်။ စပါးကြီးမြွေက " ဆရာတော်ရဲ့ စကားကို တပည့် တော်နားထောင်ကာ ရွာသားတွေရဲ့ နှိပ်စက်မှုကို ခန္တီပါရမိထားပြီး ကျင့် နေတာပါ ဘုရား။ " ဟု ပြောလိုက်သည်။
ထိုအခါ ဆရာတော်က " ဟေ့! ဒကာ မြွေမှန်းသိအောင် အမောက်လေးတော့ ထောင်ပြရတယ် ဟ "











ကျွန်တော်တို့  မြန်မာတွေဟာ သည်းခံစိတ်တော်တော်ထားကြပါတယ်။ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်တဲ့ အခါ သူတို့ တွေဟာ မြန်မာတွေရဲ့  သည်းခံစိတ်ကို အခွင့် ကောင်းယူပြီး အနိုင်ယူသွားတတ်ပါတယ်။ ဒါကြောင့်  ဒီပုံပြင်လေးကို ကျွန်တော် သင်္ဘောပေါ်၌ ကို့ ညီ၊အစ်ကို များကို ကြုံရင်ပြောပြတတ်ပါတယ်။

Thursday, July 17, 2008

နိုင်ငံသစ်ကြီး ဆီသို့ 

ဒီနေ့ သင်္ဘောတက်ရန်အတွက် ကျွန်တော်ဟာ အိမ်မှ မင်္ဂလာဒုံလေဆိပ်သို့  taxi နဲ့ ထွက်လာခဲ့ သည်။ Taxi သည် မြို့ ထဲမှ လှည်းတန်း၊ ရှစ်မိုင်ကို ဖြတ်ပြီးနောက် ကိုးမိုင်ကျော်ကျော်နား ရောက်သောအခါ မုတ်ဦးကြီးတစ်ခုမှာ ရေးထားသော စာကြောင်းကို taxi ပေါ်မှ လှမ်းဖတ်မိသည်။
" ခေတ်မိတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ " ဟု ရေးထားသည်။
ကျွန်တော် ပြုံးမိသည်။ taxi လည်း မုတ်ဦးကိုဖြတ်ပြီး မင်္ဂလာဒုံလေဆိပ်ဆီသို့  ဝင်လာသည်။ ထိုနောက် ကျွန်တော်လည်း Silk Air MI 515 လေယာဉ်စီးပြီး " ခေတ်မိတိုးတက်သော စင်္ကာပူနိုင်ငံတော်ဆီသို့ " ဦးတည် ထွက်ခွါလာပါသည်။ ရန်ကုန်မြို့ လည်း ပြာမွဲမွဲနဲ့  ကျွန်တော့် ရဲ့ လေယာဉ်အောက်၌ ကျန်ခဲ့ လေသည်။

Tuesday, July 15, 2008

တကယ်လား ဟင်

ကျွန်တော် အလုပ်သွားရန် ရေးကြီးသုတ်ပြာဖြစ်နေချိန်တွင် (၆)နှစ်အရွယ်သမီးလေးက " ဖေဖေ မီးမီးအတွက် ဘိုမရုပ်လေး ဝယ်လာခဲ့နော်" ဟု တတွတ်တွတ် မှာနေသည်။
" မီးမီးအတွက် ဖေကြီး ဝယ်လာခဲ့မယ်နော် " ဟု ကျွန်တော်ပြောလိုက်သည်။

ညနေစောင်းချိန် အလုပ်တွေရှုပ်ပြီး မပြီးပြတ်နိုင်ဘဲဖြစ်ကာ အိမ်ပြန်လည်း နောက်ကျသွားသည်။ သမီးလေးသည် မအိပ်သေးပဲ ကျွန်တော်အိမ်ပြန်အလာကို စောင့်နေသည်။
" ဖေဖေ မီးမီးအတွက် ဘိုမရုပ်လေး ဝယ်ခဲ့လားဟင့်။ "
ကျွန်တော်လည်း သမီးကိုမြင်မှ ဘိုမရုပ်ဝယ်ရန် သတိရသွားသည်။ " ဖေဖေ အလုပ်တွေရှုပ်နေလို့  မဝယ်ခဲ့ဘူး သမီး၊ မနက်ဖြန် ဖေဖေ ဝယ်လာခဲ့မယ်နော်။ " ဟု ချော့မော့ပြောလိုက်ရသည်။ သမီးလေးသည် မျက်နှာငယ်လေးနဲ့  အိပ်ရာဝင်သွားသည်။

နောက်နေ့လည်း ကျွန်တော်သည် လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ ပြီး မေ့မေ့လျော့လျော့ဖြစ်ကာ သမီးလေးမှာလိုက်တာ ဝယ်ရန်မေ့သွားသည်။ အိမ်ကိုရောက်တော့မှ သမီးလေးကို ချော့ပြီးသိပ်လိုက်ရသည်။

ဒီနေ့ လည်း ကျွန်တော်သည် ဘိုမရုပ်ဝယ်ရန် မေ့သွားခဲ့ပြန်ပြီ။ ကျွန်တော့်လက်ထဲ ဘာပစ္စည်းမှ ပါမလာတွေ့ လိုက်ရတော့ သမီးလေးရဲ့ မျက်နှာပေါ်၌ အားငယ်တဲ့စိတ်၊ အဖေ့ပေါ် မယုံတဲ့စိတ်၊ အဖေ့ပေါ် အထင်မကြီးတဲ့ စိတ်လေး ဖြတ်သန်းသွားသည်။ ကျွန်တော်လည်း ကောက်ကာငင်ကာထိုင်ချလိုက်ပြီး
"ဖေဖေကြီး မနက်ဖြန် မရမက ဝယ်လာခဲ့မယ်၊ ဖေဖေ ကတိပေးတယ်။"ဟု အထင်သေးသွားမှာ ကြောက်တဲ့အတွက် စိုးရိမ်စိတ်နဲ့ ကျွန်တော် ပြောလိုက်သည်။ သမီးလေးက မယုံတော့တဲ့ အမူအရာနဲ့ 
" တကယ်လား ဟင် "
ကျွန်တော်ရင်ထဲ ဗလောင်းဆန်သွားသည်။ ငါကို သမီးလေး မယုံတော့ပါလားဆိုတဲ့ အတွေးက ခြောက်လှန့် သွားသည်။ သမီးလေးရဲ့  မယုံတယုံပြောတဲ့ ' တကယ်လား ဟင် ' ဆိုတဲ့ စကားဟာ ကျွန်တော့် ရင်ထဲ ပဲ့ တင်ထပ်နေသည်။

နောက်နေ့ အလုပ်သွားတော့ ဘတ်(စ်)ကားပေါ်၌ မနေ့ ကသမီးလေးနဲ့ ဖြစ်ပျက်ခဲ့ တဲ့  အကြောင်းအရာပဲ အတွေးထဲရောက်နေသည်။ စိတ်ပြေပျောက်သွားအောင် ကျွန်တော်သည် ကားပေါ်မှနေ၍ လမ်းဘေး၌စိုက်ထူထားသော ဆိုင်းဘုတ်ကြီးကြီးတွေပေါ်မှ စားသားတွေကို စိတ်ထဲ၌ ရွတ်ဆိုမိသည်။
" တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖ။ "
" တကယ်လား ဟင် " သမီးလေးရဲ့ မယုံတယုံ ပြောတဲ့ စကားနားထဲ ကြားလာသည်။
ကျွန်တော် စိတ်ကိုဖျောက်ပြီး နောက်စာကြောင်းကို ရွတ်မိသည်။
" ရိုးသား၊ ကြိုးစား၊ လုပ်အားဖြင့် နိုင်ငံတော်သစ် တည်ဆောက်ကြစို့ ။"
" တကယ်လား ဟင် " သမီးလေးရဲ့ စကား ပဲ့ တင်ထပ်လာပြန်ပြီ။
" တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့ မှသစ္စာမဖောက်။"
" တကယ်လား ဟင် "
ကျွန်တော်လည်း ဆက်ပြီးရွတ်နေရင် ဒီလိုပဲ ပဲ့ တင်ထပ်လာမှာ သိနေတဲ့ အတွက်ကြောင့်  မျက်လုံးစုံမှိတ်ပြီး ဘုရားကို အာရုံပြုပြီး စီးလာခဲ့ တော့ သည်။

Monday, July 14, 2008

ညီအစ်ကို

တစ်ခါတုန်းက ညီအစ်ကိုနှစ်ယောက် မိသားစုပိုင်လယ်ထဲ၌ အလုပ်လုပ်ကြသည်။ အစ်ကိုကြီးမှာ အိမ်ထောင်ရှိပြီး သားသမီးများသည်။ ညီငယ်၌ အိမ်ထောင်မရှိပေ။ တစ်နေ့တာကုန်လို့ အလုပ်သိမ်းတဲ့အခါ ရသမျှကောက်ပဲသီးနှံကို ညီတူမျှတူ ခွဲဝေကြသည်။
တစ်နေ့သောအခါ အိမ်ထောင်မရှိတဲ့ညီက " အစ်ကိုနဲ့ ငါဟာ ရတဲ့ကောက်ပဲသီးနှံတွေကို ညီတူမျှတူဝေခွဲတာဟာ မသင့်မြတ်ဘူး။ တစ်ကယ်တော့ ငါဟာလူပျို၊ ငါ့အတွက် ဘာမှမလိုဘူး။" ဟု သူကိုယ်သူ တွေးမိသည်။ ထိုနောက် သူ့ရဲ့ဝေစုထဲမှ စပါးအိတ်တစ်အိတ်ယူပြီး ညတိုင်း အစ်ကိုနဲ့ သူ့အိမ်ကြားလယ်ကိုဖြတ်ကာ အစ်ကိုရဲ့ဝေစုထဲသို့ အစ်ကိုမသိအောင်သွားထည့်ပေးသည်။
ထိုစဉ်တွင်းမှာပဲ အိမ်ထောင်ရှင်အစ်ကိုက " ငါ့ညီနဲ့ ငါဟာ ရတဲ့ကောက်ပဲသီးနှံတွေကို ညီတူမျှတူဝေခွဲတာဟာ မသင့်မြတ်ဘူး။ တစ်နေ့ အသက်ကြီးလာတဲ့အခါ ငါ့ကိုစောင့်ရှောက်မယ့် သား၊သမီးရှိတယ်။ ငါ့ညီမှာတော့ အိမ်ထောင်မရှိ၊ စောင့်ရှောက်ပေးမဲ့လူမရှိဘူး " ဟုတွေးမိသည်။ ထိုနောက် သူလည်း သူ့ရဲ့ဝေစုထဲမှ စပါးအိတ်တစ်အိတ်ယူပြီး လယ်ကွင်းကိုဖြတ်ကာ ညီရဲ့ဝေစုထဲသို့ ညီမသိအောင်သွားထည့်ပေးသည်။
တစ်နှစ်ကြာသောအခါ စပါးတွေ ဘာကြောင့်လျော့မသွားပါလိမ့်ဆိုပြီး ညီအစ်ကိုနှစ်ယောက် ဇဝေဇဝါဖြစ်လာသည်။ မှောင်မိုက်တဲ့ ညတစ်ည ညီအစ်ကိုနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တိုက်မိကြသည်။ အကြောင်းစုံသိသွားသောအခါ သူတို့ရဲ့ အိတ်တွေကိုချကာ ပွေ့ဖက်ပြီး ဝမ်းသာမျက်ရည်တွေ တသွင်သွင်စီးဆင်းသွားခဲ့သည်။
ညီလေး ကျော်စိုးဝင်းရဲ့ 15 July မွေးနေ့အတွက် Two Brothers ကို ပြန်ဆိုထားသည်။ "Happy Birthday ညီလေး။"