Monday, July 14, 2008

ညီအစ်ကို

တစ်ခါတုန်းက ညီအစ်ကိုနှစ်ယောက် မိသားစုပိုင်လယ်ထဲ၌ အလုပ်လုပ်ကြသည်။ အစ်ကိုကြီးမှာ အိမ်ထောင်ရှိပြီး သားသမီးများသည်။ ညီငယ်၌ အိမ်ထောင်မရှိပေ။ တစ်နေ့တာကုန်လို့ အလုပ်သိမ်းတဲ့အခါ ရသမျှကောက်ပဲသီးနှံကို ညီတူမျှတူ ခွဲဝေကြသည်။
တစ်နေ့သောအခါ အိမ်ထောင်မရှိတဲ့ညီက " အစ်ကိုနဲ့ ငါဟာ ရတဲ့ကောက်ပဲသီးနှံတွေကို ညီတူမျှတူဝေခွဲတာဟာ မသင့်မြတ်ဘူး။ တစ်ကယ်တော့ ငါဟာလူပျို၊ ငါ့အတွက် ဘာမှမလိုဘူး။" ဟု သူကိုယ်သူ တွေးမိသည်။ ထိုနောက် သူ့ရဲ့ဝေစုထဲမှ စပါးအိတ်တစ်အိတ်ယူပြီး ညတိုင်း အစ်ကိုနဲ့ သူ့အိမ်ကြားလယ်ကိုဖြတ်ကာ အစ်ကိုရဲ့ဝေစုထဲသို့ အစ်ကိုမသိအောင်သွားထည့်ပေးသည်။
ထိုစဉ်တွင်းမှာပဲ အိမ်ထောင်ရှင်အစ်ကိုက " ငါ့ညီနဲ့ ငါဟာ ရတဲ့ကောက်ပဲသီးနှံတွေကို ညီတူမျှတူဝေခွဲတာဟာ မသင့်မြတ်ဘူး။ တစ်နေ့ အသက်ကြီးလာတဲ့အခါ ငါ့ကိုစောင့်ရှောက်မယ့် သား၊သမီးရှိတယ်။ ငါ့ညီမှာတော့ အိမ်ထောင်မရှိ၊ စောင့်ရှောက်ပေးမဲ့လူမရှိဘူး " ဟုတွေးမိသည်။ ထိုနောက် သူလည်း သူ့ရဲ့ဝေစုထဲမှ စပါးအိတ်တစ်အိတ်ယူပြီး လယ်ကွင်းကိုဖြတ်ကာ ညီရဲ့ဝေစုထဲသို့ ညီမသိအောင်သွားထည့်ပေးသည်။
တစ်နှစ်ကြာသောအခါ စပါးတွေ ဘာကြောင့်လျော့မသွားပါလိမ့်ဆိုပြီး ညီအစ်ကိုနှစ်ယောက် ဇဝေဇဝါဖြစ်လာသည်။ မှောင်မိုက်တဲ့ ညတစ်ည ညီအစ်ကိုနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တိုက်မိကြသည်။ အကြောင်းစုံသိသွားသောအခါ သူတို့ရဲ့ အိတ်တွေကိုချကာ ပွေ့ဖက်ပြီး ဝမ်းသာမျက်ရည်တွေ တသွင်သွင်စီးဆင်းသွားခဲ့သည်။
ညီလေး ကျော်စိုးဝင်းရဲ့ 15 July မွေးနေ့အတွက် Two Brothers ကို ပြန်ဆိုထားသည်။ "Happy Birthday ညီလေး။"

No comments: